မဂ်လာပါ သ်ညနေ့ ကျွန်တော် ရေးဖြစ်တဲ့ နည်းပညာလေးကတော့ မိမိတို့ ဘေလာ့မှာ ပို့စ်တွေတင်တဲ့အခါ ပို့စ် တစ်ခုနဲ့ တစ်ခု နောက်ခံကာလာ မတူညီအောင် တင်လို့ရမဲ့ နည်းလမ်းလေးကို ရှာဖွေ မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. သည်နည်းလေးကတော့ အရမ်းကိုရိုးရှင်းပြီး
လွယ်ကူတာမို့ အလှ အပ ကြိုက်သူများ စမ်းသတ်နိုင်ပါတယ်နော် အောက်မှာ လိုအပ်သောနည်းလမ်းများကို ပုံလေးနဲ့တစ်ကွ သေခြာ ရှင်းပြလိုက်ပါတယ်..ကဲစမယ်
ပထမဆုံးအနေနဲ့ မိမိတို့ ဘေလာ့ ပို့စ်တင်တဲ့ နေရာကို သွားလိုက်ပါနော်...
အသုံးပြုရန် ကုဒ်
<div style="background:url( ဤနေရာတွင်မိမိပုံလင့် ပေါ့နော် ) no-repeat;">
သည်ကုဒ်လေးနဲ့ လုပ်ဆောင်သွားပါ့မယ်.... မှတ်ထားလိုက်နော်။

အပေါ်ကပုံကို သေခြာ ရှင်းပြပါ့မယ်... မိမိတို့ ပို့စ်ဖို့ရောက်ပြီဆိုတာနဲ့.... ပို့စ်တွေကို အရင်ရေးသည်ဖြစ်စေ ယခု ကျွန်တော်ပြောသော နောက်ခံကုဒ်ကို အရင်တင်သည်ဖြစ်စေ
နည်းလမ်း ၂ မျိုးနဲ့ ကျွန်တော် သေခြာ ရှင်းပြထားပါတယ်... လွယ်ကူပါတယ်...
နည်းလမ်း ( ၁ ) ကတော့ ပို့စ်တွေ စာသားတွေ မရေးသေးဘဲ နောက်ခံ ကုဒ် အရင်ထည့်နည်းပါ။
အိုကေ ရောက်ပြီဆိုတာနဲ့ အပေါ်က Compose နဲ့ Html ဆိုတာရှိတာ တွေ့ရမယ် ဒါဆို
Html ဆိုတာကိုကလစ်ပေးလိုက်ပါ ကုဒ်တချို့ ကျလာမယ် ဖျက်လိုက်ပါ... ဒါဆို
ကျနော် အပေါ်ကပေးထားသော အသုံးပြုရန်ကုဒ် ဆိုတာကို ကော်ပီယူလိုက်ပါ
နောက် ထည့်ပေးလိုက်ပါနော်... ကုဒ်ထဲမှာ ပုံထည့်ရန်ဆိုတာ ပါတယ်နော် အဲနေရာ အရေးပါပါတယ်
မိမိတို့ ဘေလာ့နဲ့ လိုက်ဖက်မဲ့ နောက် ဘလော့ကပို့စ်စာသားတွေ နဲ့ ပေါ်လွင်စေမဲ့ နောက်ခံ ပုံမျိုးကို ရွေးချယ် သင့်ပါတယ်... ကျနော် ရွေးချယ်ထားသော ပုံလေးတင်ထားနည်း လင့်ယူနည်း အောက်မှာ ဆက်လက်ပြပေးပါ့မယ်...
အဲလိုကုဒ်တွေ ထည့်ပြီးတာနဲ့ ကုဒ်အောက်ကနေ စာသားတချို့ ရေးလိုက်ပါ... ဥပမာ...မင်္ဂလာပါ
ပေါ့ အဲဆို compose ဆိုတာကိုပြန် ကလစ်ပေးလိုက်ပါတော့... မင်္ဂလာပါ ဆိုတာလေးကနေ စပြီး မိမိတို့ တင်လိုသော ပို့စ် တွေရေးနိုင်ပါပြီ... ပုံမှန်တိုင်းဆက်လက် ရေးသားပြီး Publish လိုက်လို့ရပါပြီ..
နည်းလမ်း ( ၂ ) ကတော့ အောက်မှာဆက်ကြည့်လိုက်ပါ
သူကတော့ ပို့စ်တွေ အားလုံးတင်ပြီး ရေးသားပြီးမှ နောက်ခံ ကုဒ်ထည့်သွင်းနည်းလေးပါ..
သည်နည်းလေးကပို လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ် မိမိတို့ေ ရးသားလိုသော ပို့စ်ကို ပြီးသည့်တိုင် ရေးသားလိုက်ပါ ပြီးတာနဲ့ အပေါ်က Html ဆိုတာကိုကလစ်လိုက်ပါ အားလုံးဟာ
ကုဒ်ဒင်းတွေအဖြစ် ပြောင်းလည်းလာမယ် ဒါဆို ကုဒ်အားလုံးရဲ့ ရှေ့ဆုံးကနေ မောက် ချ အန်တားခေါက် အေပ်ါက လွတ်တဲ့နေရာမှာဘဲ....
ပေးထားသော ကုဒ်ကို ယူထည့်လိုက်ပါ.... ပုံရဲ့ လင့်ပါထည့်ပေးပါ..ဒါဆို Compose ပြန်ကလစ်ပြီး တင်လိုက်ပါတော့နော်...အိုကေပါပြီ....
ပုံတင်ပြီး လင့်ယူနည်းလေးပါ
ကျွန်တော် ကတော့ www.minus.com မှာ ပုံကိုတင်လိုက်ပါတယ် တင်ပြီးတာနဲ့
ယူရမဲ့လင့်ကတော့အပေါ်ဆုံးက Direct Link ဆိုတာကိုပါဘဲ..အဲလင့်ကိုယူပြီးတာနဲ့
ပေးထားတဲ့ ကုဒ်ထဲက ဤနေရာတွင်မိမိပုံလင့် ပေါ့နော် နေရာမှာ ထည့်ပေးလိုက်ယုံပါဘဲ..
ကဲ အားလုံးအဆင်ပြေပါပြီနော်....
မှတ်ချက် ။ ။ ပုံလုပ်တဲနေ့ရာမှာ မိမိတို့ ပို့စ်ရဲ့ အလျှား အနံ ကဘယ်လောက်ထိ ရှိမယ်ဆိုတာတော့
ချိန်သင့်ပါတယ် ဥပမာ... ပို့စ်ရဲ့ အပေါ်အောက် hight က 1200 ရှိနေပြီး လုပ်ထားတဲ့ ပုံက 600 လောက်ဘဲဆိုရင်လည်း ပုံက တိုတိုလေးပေါ်နေမယ် ပို့စ်အားလုံးကို မခြုံငုံမိနိုင်ပါဘူး..
သတိထားဖို့ ပြောတာပါ..အဆင်ပြေပါစေ...
မပြေတာရှိပါက C-bOX ကိုပြောခဲ့နိုင်ပါတယ်။။။။။။

ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
- Backlinks - ™
URL : |
Code For Forum : |
HTML Code : |
Anda sedang membaca artikel tentang ဘလော့မှာ ပို့စ်တခုနဲ့တခု နောက်ခံကာလာ မတူအောင် တင်နည်း dan anda bisa menemukan artikel ဘလော့မှာ ပို့စ်တခုနဲ့တခု နောက်ခံကာလာ မတူအောင် တင်နည်း ini dengan url https://itloverit.blogspot.com/2015/05/blog-post_20.html. Anda boleh menyebarluaskan atau mengcopy artikel ဘလော့မှာ ပို့စ်တခုနဲ့တခု နောက်ခံကာလာ မတူအောင် တင်နည်း ini jika memang bermanfaat bagi anda atau teman-teman anda,namun jangan lupa untuk mencantumkan link sumbernya.
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.