မင်္ဂလာ ပါ ကျွန်နော် သည်တခါ ရေးသားဖြစ်တဲ့ နည်းပညာလေးကတော့ လူတွေအများဆုံး အသုံးပြု နေကြတဲ့ Facebook မှာ Video တွေကို Post တင်လို့ လွယ်ကူပေမယ့် Mp3 ကိုတော့ တင်ဖို့ ခက်ခဲကြပါတယ် အဲအတွက် အရမ်းကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးလည်းဖြစ်တဲ့ အတွက်
ကျွန်တော် ခုလိုရေးသား မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. ဒါကတော့ Facebook ပေးမှာ Mp-3 သီချင်းတွေကို Sound Cloud Apk လေးကနေ မိမိတို့ FB ပေါ်မှာ အလွယ်တကူတင်နိုင်မဲ့နည်းလမ်းလေးပါ။
အောက်မှာ နည်းလမ်းကိုပုံလေးတွေနဲ့ တစ်ကွ ရှင်းပြထားပါတယ်နော်..လေ့လာလိုက်ကြစို့
ပထမဆုံး မိမိတို့ ဖုန်းမှာ လိုအပ်တာ Sound Cloud Apk လေးဘဲဖြစ်ပါတယ် ဒါကို Playstore တွေမှာလည်း ဒေါင်းလို့အဆင်ပြေပါတယ်...သည်မှာလည်းလင့်ချပေးလိုက်ပါတယ်
ဒေါင်းပြီးတာနဲ့ ဖုန်းမှာ Install လုပ်ပေးပြီး ဖွင့်လိုက်ပါနော်
ဒါဆို ပုံမှာပြထားသလို Sing Up for Sound Cloud ဆိုတာကလစ်လိုက်ပါ။ နောက်တဆင့်ကတော့
အကောင့်ဝင်ရမှာဖြစ်ပါတယ် ဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ် ကျွန် တော်ကတော့ အပေါ်ဆုံးက Sing in with Google ဆိုတာနဲ့ဝင်လိုက်ပါတယ် ဖုန်းမှာရှိပြီးသားအကောင့်နဲ့ပေါ့.. ဒါမှမဟုတ်
အောက်မှာ Email & Password ဆိုတာမှာ အကောင့်လုပ်ပြီးဝင်လိုက်လို့ရပါတယ်။
အကောင့်ဝင်လိုက်တာနဲ့ အောက်ကပုံတိုင်း Continue ဆိုတာကလစ်ပါ ခဏစောင့်လိုက်ပါ အကောင့်အတည်ဖြစ်တာနဲ့ FINISH ဆိုတာနဲ့ ပုံလေးလိုပြလာပါမယ်။
အို ကေ ဒါဆို မိမိတို့ အကောင့်တခုရတာမို့ ပြန်ပိတ်လိုက်လို့ရပါပြီနော်.. ကျွန်တော်တို့ သီချင်းတင်ဖို့အတွက် ဖုန်း ထဲက သီချင်းရှိတဲ့ နေရာသွားကြမယ်နော် ကိုယ်တင်လိုတဲ့ Mp-3 သီချင်းပေါ် ဖိထားပေးလိုက်ပါ..ပြီးတာနဲ့တက်လာတဲ့ဘောက်လေးထဲက Share Via ဆိုတာကလစ်လိုက်ပါ။
အို ကေ ဒါဆို ခဏစောင့်နေလိုက်ပါနော် တင်တဲကနေရာမှာ စိတ်ကြိုက် ပုံထည့်လိုက်ပါ သီချင်းအမည် ထည့်ပါ.. ပြီးတာနဲ့ အောက်က Post ဆိုတာကလစ်လိုက်ပါ.. တင်နေတာကိုတွေ့နေရပါပြီ..
100% ထိစောင့်နေလိုက်ပါ ။
ပြည့်ပြီဆိုတာနဲ့ ဖုန်းမှာ ွရှိတဲ့ Sound Cloud Apk ကိုဖွင့်ပေးလိုက်ပါ ကြည့်လိုက်ပါ။
တင်ထားတဲ့ သီချင်းတွေ တွေကနေရပါပြီ Facebook ပေါ်တင်လိုသောသီချင်းကို ကလစ်ပြီးဖွင့်လိုက်ပါ
အဲခါမှာ အောက်ခြေမှာ ရှိတဲ့ အစက်ကလေးသုံးစက် ကနေကလစ်လိုက်ပါ Share ဆိုတာဆက်ကလစ်ပါ။
ဒါဆို ဘောက်တစ်ခုတက်လာမှာဖြစ်ပါတယ် အဲထဲက မိမိတို့ Facebook ဆိုတာနဲ့ ကလစ်ပြီးသွားလိုက်ပါ။
အချိန် ခဏတော့ စောင့်ပေးနေလိုက်ပါ Facebook ပေါ်မှာ Post Upload တင်နေမှာဖြစ်ပါတယ်.. ပြီးတာနဲ့ မိမိတို့ Facebook ကိုဝင်ကြည့်လိုက်ပါ.. တင်ထားတဲ့ သီချင်းလေးကို
တွေ့မြင်ရမှာဖြစ်ပါတယ်နော်.. ဒါဆို အဆင်ပြေပါပြီ....။
အဆင်ပြေမယ်လို့ မျှော်လင့်ရင်း တတ်သိလေ့လာမိသလောက် ပြန်လည် မျှဝေလိုက်ရပါတယ်ခင်္ဗျာ
သည်နည်းလမ်းလေးကို စာအုပ်အဖြစ် ဒေါင်းယူလိုပါက
ဘလော့ခရီးသည် ( မျှဝေသူ )
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
- Backlinks - ™
URL : |
Code For Forum : |
HTML Code : |
Anda sedang membaca artikel tentang Facebook ပေါ်တွင် Mp-3 တင်နည်း dan anda bisa menemukan artikel Facebook ပေါ်တွင် Mp-3 တင်နည်း ini dengan url https://itloverit.blogspot.com/2015/05/facebook-mp-3.html. Anda boleh menyebarluaskan atau mengcopy artikel Facebook ပေါ်တွင် Mp-3 တင်နည်း ini jika memang bermanfaat bagi anda atau teman-teman anda,namun jangan lupa untuk mencantumkan link sumbernya.
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.