မင်္ဂလာပါ ကျွန်တော် သည်နေ့ တော့ Upload တင်နည်း တင်ထားသော ဒေါင်းလင့်အား ဘလော့မှာ Downlaod Link ချပေးနည်း လေးကို ရေးဖြစ်ပါတယ်.. ဒါလေးကလည်း ကျွန်တော် ရဲ့ ညီလေး အဆိုတော် နောင်ရဲထွဋ် အတွက် တောင်းဆိုထားလို့ ခုလိုအသေးစိတ် ရေးသားတင်ပေးလိုကတာပါ..
ဘလော့ကာတွေအတွက်တော့ အားလုံးသိထားသောနည်းပညာဖြစ်တဲ့အတွက် ကျော်သွားလိုက်ပါနော်..
ပထမဆုံး မိမိတို့ Upload တင်လိုသော ဆိုဒ်မှာ အကောင့်တခု လုပ်ထားဖို့လိုပါလိမ့်မယ် အဲတာကတော့ ပြောမပြတော့ပါဘူးနော် ဆိုဒ်တခုမှာ Singup လုပ်တာတော့ အဲလောက် ခက်ခဲမယ်မထင်လို့ပါ... တင်နိုင်သောဆိုဒ်းတွေ ကတော့ များပါတယ် ဒါပေမယ့် ကျွန်တော် ကတော့
ယခု နမူနာအနေနဲ့ Mediafire.com နဲ့ဘဲ နမူနာပြလိုက်ပါတယ်နော်...
ပထမဆုံး www.mediafire.com ကိုသွားပြီး အကောင့်တခုလုပ်လိုက်ပါနော်။ အကောင့်တခုရတာနဲ့ စလို့ရပါပြီ..နော် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..စမယ်နော်..
အကောင့်ဝင်လိုက်တာနဲ့....
Upload တင်နိုင်သော ဆိုဒ်များ
================
စတဲ့ ဆိုဒ်တွေ မကဘဲ များကြီးရှိပါတယ် နှစ်သက်ရာကနေ တင်နိုင်ပါတယ်..
ပထမဆုံးအနေနဲ့ တွေ့ကြရမှာကတော့...
အပေါ်မှာပြထားသလို Upload ဆိုတာနောက်က ဖိုင်တည်ဆောက်ဖို့ ဆိုတာလေး ကလစ်ပြီး ဖိုင်လေးတွေ တည်ဆောက်ထားလိုက်ပါ... အဲတာဆိုပြန်ရှာမယ်ဆိုလည်း လွယ်ကူစေပါတယ်.. ဥပမာ။ ။ဆော့ဝဲလ်...apk...ebook...mp3...စတာတွေပေါ့ ခုကျနော် mp3 လေးတခုတင်ပြမှာမို့ ဖိုင်လေးတခု တည်ဆောက်လိုကပါတယ်.. ပြီးတာနဲ့ ကိုယ်တည်ဆောက်ထားတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါနော်...
အပေါ်ကတိုင်းကျလာမယ် အထဲမှာ ဘာမှမတင်ရသေးဘူးဆို ဘာမှမရှိသေကြောင်းပြောထားပါမယ် တင်လိုက်ကြမယ်နော်... အပေါ်က Upload ဆိုတာကိုကလ်စလိုက်ပါ အောက်မှာ From Computer နဲ့ From Web ဆိုတာကျလာမယ် ကွန်ပျူတာ ကိုရွေးချယ် ကလစ်ပေးလိုက်ပါနော်.. ကိုယ်တင်မဲ့ အကြောင်းအရာက ကိုယ့်ကွန်ပျူ တာထဲမှာ ရှိနေမှာ မို့ပါ...အိုကေနော်...ကလစ်လိုက်တာနဲ့
အပေါ်ကပုံတိုင်းကျလာမယ် ကလစ်လိုက်ပါ..ဒါဆို မိမိတို့ ကွန်ပျူ တာဖိုင် ကျလာမယ်နော် မိမိတို့ တင်လိုတဲ့ အကြောင်းရာရှိတဲ့ သိမ်းထားတဲ့ ဖိုင်ကို အရောက်သွားလိုက်ပါနော်...
ရောက်တာနဲ့ တင်လိုသော အကြောင်းအရာကို တချက်ကလစ်ပါ နောက် အောက်က Open ဆိုတာဆက်ကလ်စလိုက်ပါ.. အကြောင်းအရာကို Double ကလစ်လိုက်လည်းရပါတယ်နော်..
အပေါ်ကပုံမှာလို Upload ပေးဖို့ အသင့်အနေထားဖြစ်နေပါပြီ အဲလိုဖြစ်တာနဲ့ အောက်နားက Begin Uplaod ဆိုတာကလစ်ပေးလိုက်ရုံပါဘဲနော်...
သည်အဆင့်မှာတော့ မိမိတို့ တင်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး အချိန်စောင့်ရပါမယ် ဥပမာ ဆော့ဝဲလ် ဆိုဒ်ကြီးတာတွေဆို အချိန်ကြာပါမယ် mp3..ebook တွေကတော့ ခဏတာနဲ့ ပြီးပါမယ်..ပြီးတာနဲ့ နောက်က Copy Link ဆိုတာကလစ်ပြီး ဒေါင်းလင့်ကို ယူနိုင်ပါတယ်..
နောက်တဆင့် ယူနည်းလည်းပြလိုက်ပါမယ်...နော်
ဒါကတော့ ဘယ်ချိန်ယူယူ ရတဲ့နည်းလေးပါ မိမိလိုခြင်တဲ့ အကြောင်းအရာ ရဲ့လင့်ကို သူ့နောက်က မျှားမည်းလေး ကလစ်ပါ နောက် Copy Link ဆိုတာကလစ်လိုက်တာနဲ့ မိမိတို့ မောက်ထဲမှာ လင့်ပါလာပါမည်... ဒါဆို အဆင်ပြေပါပြီ အဲလင့်က ဘလော့မှာဘဲ ဒေါင်းဖို့ တင်ပေးပေး သူငယ်ချင်းဆီဘဲပို့ပေးပေး အသုံးပြုလို့ရပါပြီ... ဒါဆို အကြောင်းရာတစ်ခုခုကို သူများပေးဖို့ Uplaod တင်တဲ့နည်းလမ်းကို နားလည်လောက်ပါပြီနော်... အဆင်ပြေကြပါစေ..
နောက်ထပ် မိမိတို့တင်ထားတဲ့ အကြောင်းရာကို မိမိတို့ ဘလော့မှာ သူများအသုံးပြုနိုင်အောင် တင်ပေးနည်းလေးကိုဆက်ပြပါမယ်...
ဘလော့မှာ Downlaod Link ချပေးနည်း ( ဘလော့ကာဆိုင်ရာ )
ပထမဆုံး မိမိတို့ဘလော့ရဲ့ post တင်ဖို့ အနေထားကို သွားလိုက်ပါနော်..
အပေါ်ကတိုင်း ရောက်တာနဲ့ မိမိတို့ ဒေါင်းလင့် ချပေးလိုသော အကြောင်းရာ ရဲ့ လင့်ကို တင်ပေးကြမယ်ဗျာ... တင်တာကလည်း ၂ နည်းရှိပါတယ်..
နံပါတ်(၁) စာသား နဲ့ ဒေါင်းလင့်ပေးနည်း
နံပါတ် (၂) ပုံလေးတွေနဲ့ ဒေါင်းလင့်ပေးနည်း
ဆိုပြီးပေါ့..ကြိုက်တာနဲ့ ပေးပါ...လုပ်ဆောင်ချက်ကတော့ တူတူဘဲဖြစ်ပါတယ်...နော် ကျနော် စာသားလေးနဲ့ ပြသထားပါတယ်.... ပုံမှာပြထားသလိုပေါ့ သည်မှာ ဒေါင်းရန် ဆိုတာလေးမှာ
သည်မှာ ဆိုတာလေးထဲကို မိမိတို့ ဒေါင်းလင့်ကို ဖွက်ထားရမှာဖြစ်ပါတယ်..အဲအတွ့်
သည်မှာ ဆိုတာလေးကို Select လုပ်ပေးလိုက်ပါ ပြီးတာနဲ့ အပေါ်ဘားက link ဆိုတာကို ကလစ်လိုက်ပါနော်... ဘော်ကလေးတခုကျလာမှာဖြစ်ပါတယ်...
ခုလို ကျလာတဲ့ ဘော်ကလေးမှာ အကွက်လေး ၂ခု ရှိပါတယ်..အပေါ်ကတော့ မိမိတို့ စောစောကရေးသားခဲ့တဲ့ သည်မှာ ဆိုတာလေးရဲ့ နေရာဖြစ်ပါတယ်... သည်နေရာမှာ ပုံနဲ့ တင်တဲ့ သူတွေအတွက် အပေါ်အကွက်လေးက ဘာမှ မပေါ်ဘဲ ဖြစ်နေမယ် ပုံနဲ့မို့ပေါ့...
အိုကေ အောက်က Web Adress ဆိုတာထဲမှာဘဲ မိမိတို့ ဒေါင်းစေခြင်သော လင့်အမှန်ကို
ထည့်ပေးလိုက်ပါနော်.. စောစောက Upload တင်တုန်းက နေရာမှာ လင့်ကို ကော်ပီ သွားယူလိုက်ပါ သည်မှာ ထည့်ပေးလိုက်ပါ... အဲလိုနဲ့ ပို့စ်ထဲက သည်မှာ ဆိုတာလေးက ပုံမှန်စာသားမဟုတ်တော့ဘဲ
လင့်အဖြစ် ပြောင်းလည်းနေပါပြီ...နော်....ဒါဆို သဘောပေါက်ရောပေါ့....ဟူးးးးမောထာာာာေိေိ
မှတ်ချက် ။ ။ ပုံနဲ့ ဒေါင်းလင့်ပေး တာလည်း တူတူပါဘဲ ကြိုက်တဲ့ ပုံထည့်ပါ... ပြီးတာနဲ့ အဲပုံကို ကလစ်ပါ.. နောက် အပေါ်က link ကလစ်ပါ..တူတူပါဘဲဗျာ..
အစစအဆင်ပြေပါစေလို့ ဆုတောင်းလိုကပါတယ် မရှင်းတာများရှိပါက ချက်ဘောက်မှာ အော်ခဲ့ပါနော်...
စာအုပ်အဖြစ် ဒေါင်းယူလိုပါက
( OR )
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
- Backlinks - ™
URL : |
Code For Forum : |
HTML Code : |
Anda sedang membaca artikel tentang Upload တင်နည်း နှင့် Downlaod Link ချပေးနည်း dan anda bisa menemukan artikel Upload တင်နည်း နှင့် Downlaod Link ချပေးနည်း ini dengan url https://itloverit.blogspot.com/2015/05/upload-downlaod-link.html. Anda boleh menyebarluaskan atau mengcopy artikel Upload တင်နည်း နှင့် Downlaod Link ချပေးနည်း ini jika memang bermanfaat bagi anda atau teman-teman anda,namun jangan lupa untuk mencantumkan link sumbernya.
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.