နေ့ လယ်က တစ်ယောက်က ကျွန်တော်နာမည်နဲ့  Domain လိပ်စာလေးနဲ့ 
Web mail လေး တစ်ခုလောက်လိုချင်တယ်လို့ ပြောလာပါတယ် အဲ့ဒါနဲ့ 
ဘာဖြစ်လို့  ဒါကိုလိုချင်တာလဲဆိုတော့ ခုက 2 Step ကိုပါကျော်လို့ ရနေပြီ
ပြောတယ် အဲ့ဒါကြောင့် Account ပါမှာစိုးလို့ ပါလို့ ပြောလာတယ် ကျွန်တော်
ပြန်ပြောလိုက်ပါတယ် 2 Step ကျော်လို့ ရတယ်ဆိုတာ အမှန်က Recovery လုပ်ပြီး
ခိုးတာ Security အားနည်းတဲ့ Account ဆိုရင် Forget Password လောက်လေး
နဲ့ပဲ ရသွားနိုင်တယ် questions အများကြီးဖြေစရာမလိုဘူး Hint question လေး
၁ ခုလောက်ပဲပေးထားတာမျိုးဆို ခန့် မှန်းပြီးလက်တည့်စမ်းလိုက်တာနဲ့ ပါသွားပြီပဲ
Security အနည်းငယ်ကောင်းတဲ့ Account ဆိုရင်
Recovery လုပ်ပြီ Security questions ကလွယ်လွယ်လေးပေးထားရင်
လက်တည့်စမ်းပြီပဲ တည့်သွားရင်တော့ Account ပါသွားပြီပေါ့ မဟုတ်ဘူးလား။
နောက်တစ်ခုက Recovery နည်းနဲ့  Help Center အကူအညီနဲ့ 
questions တွေကို လက်တည့်စမ်းပြီးထိုင်ဖြေတာပါပဲ
တစ်ချို့ Account တွေဆိုရင် information တွေတော်တော်များများ
Public ချပြပေးထားတော့ Gmail Help Center က မေးခွန်းတွေကနေ
မေးသမျှ ၁၀ ခုမေး ၂ ခုလောက်ပဲလက်တည့်စမ်းဖို့ လိုတယ် တည့်သွားရင်
Account ပါသွားပြီပဲ အမှန်တစ်ကယ်က 2 Step လောက်ဆိုရင်
တော်တော်လေးကို လုံခြုံတဲ့ အနေအထားပါ လွယ်လွယ်နဲ့ မပါနိုင်ပါဘူး။
Email တစ်ခုကို Recovery လုပ်ဖို့ ဆိုရင် ဒီနေရာ ပထမဆုံး ဒီနေရာ
https://www.google.com/accounts/recovery
လေးကို သွားရပါတယ် အဲ့ဒီမှာ Recovery စတင်လုပ်ဖို့  3 မျိုးပေးထားပါတယ် နောက်တစ်ဆင့်ကနော့်
https://support.google.com/accounts/troubleshooter/2402620?hl=en&rd=2
ကို မဖြစ်မနေသွားကို
သွားရပါတယ် Email Account တစ်ခုကို Recovery လုပ်ဖို့ နည်းလမ်း
အဲ့ဒီနေရာမှာတင် 7 မျိုးလောက်ရှိပါတယ် လွယ်လွယ်နဲ့ တော့ Recovery
လုပ်ပြီးယူလို့ မရနိုင်ပါဘူး အချက်အလက်တွေအပြည့်အစုံကြီးမဟုတ်ရင်တောင်
သူမေးတဲ့ questions တွေကို 100% မှာ 75% ရာခိုင်နှုန်းလောက်ဖြေနိုင်မှသာ
အဲ့ဒီ အကောင့်နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြပေးနိုင်မှသာ
အဲ့ဒီ အကောင့်ကို Recovery လုပ်ပြီးယူလို့ ရနိုင်တာပါ။
2 Step ကိုကျော်ဖို့ ဆိုတာ အဲ့ဒီ Email လိပ်စာရဲ့  အကောင့်စဖွင့်စဉ်ကနေ
နောက်ဆုံး သုံးခဲ့တဲ့ အနေအထားထိ information အပြည့်အစုံသိဖို့ လိုပါတယ်
Help Center ကမေးတဲ့ မေးခွန်းတွေ ဖြေဖို့ ဆိုရင် တော်တော်များများ
ပြည့်ပြည့်စုံစုံသိထားမှသာရနိုင်တာပါ မဟုတ်ရင် 2 Step ကိုကျော်ဖို့ ဆိုတာ
မလွယ်ပါဘူး Lost My Phone ဘာညာနဲ့ ဆိုတာကလည်း မလွယ်နိုင်ပါဘူး
2 Step ကိုကျော်ဖို့ အတွက် ဒီနေရာ
https://support.google.com/accounts/troubleshooter/2402620?hl=en&rd=2#ts=2402626,2402727
ကို မဖြစ်မနေသွားပြီး
တစ်နည်းမဟုတ် တစ်နည်းနဲ့ သူမေးတဲ့ မေးခွန်းတွေကိုအတတ်နိုင်ဆုံး
ဖြည့်ပေးနိုင်ပါမှ 2 Step ကို ကျော်သွားနိုင်မှာပါ information တိကျဖို့ လိုပါတယ်။
Account တွေခိုးယူခံရတယ်ဆိုတာက နံပါတ်(၁) Security မှာအားနည်းလို့ ပါ
နံပါတ်(၂) ခိုးယူမည့်သူက အဲ့ဒီ Account ရဲ့ information တွေကို
တော်တော်များများသိရှိထားလို့ ပါပဲ ( ကိုယ့် Profile တွေမှာ info တွေကို Public ချပြပေးထားတာမျိုးတွေ ) နောက်တစ်ခုက 2 Step ခံထားပေမယ့်
အကောင့်အခိုးခံရတယ်ဆိုတာမျိုးကတော့ ခုနကပြောသလို
အကောင့်စဖွင့်စဉ် ကတည်းကနေ နောက်ဆုံးသုံးခဲ့တဲ့အချိန်အထိ
information တွေကို သိရှိထားမှသာ အလွယ်တစ်ကူ Recovery လုပ်ပြီး
ခိုးယူနိုင်တာပါ။
နောက် I'm having trouble with 2-step verification ဆိုတာမှာလည်း
2 Step ကိုကျော်ဖို့ အတွက် နည်းလမ်း 7 မျိုးလောက်ရှိနေပြန်ပါတယ်
ဒါပေမယ့် အလွယ်တစ်ကူတော့ မခိုးယူနိုင် မကျော်နိုင်ပါဘူး info တွေကို
ချမပြနိုင်ရင် questions တွေကို မဖြေနိုင်ရင် ဘယ်လိုမှ Recovery လုပ်
လို့ မရနိုင်သလို Account ခိုးယူမည့်သူလဲ တော်ရုံတန်ရုံနဲ့ ကျော်ပြီးတော့
ခိုးယူနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ Account ကို ခိုးယူဖို့ အတွက်
အချိန်ပေးပြီးတော့ လက်တည့်စမ်းရပါတော့တယ် လက်တည့်စမ်းလို့ 
Email ရဲ့  information တွေနဲ့ ကိုက်ညီသွားတယ် Help Center က
ဖြည့်ပေးလိုက်တဲ့ အချက်အလက်တွေကို ယုံကြည့်သွားတယ်
လက်ခံသွားတယ်ဆိုပါမှ 2 Step ကိုကျော်ခွင့်ပေးလိုက်မှာပါ။
အမှန်တစ်ကယ်က Account တစ်ခုကို Recovery လုပ်ဖို့ ဆိုတာ
သိပ်တော့မလွယ်ကူပါဘူး Recovery လုပ်တဲ့ Email ရဲ့ 
အချက်အလက်တွေကို ပြည့်ပြည့်စုံစုံသိထားဖို့ ကအလိုအပ်ဆုံးပါ
အနည်းငယ်လောက်သိထားရင်လဲ ကျန်တဲ့ အချက်အလက်တွေကို
လက်တည့်စမ်းပြီး Recovery လုပ်ပြီးမှပဲ ရယူနိုင်မှာဖြစ်သလို
2 Step ကိုလည်း အဲ့ဒီအချက်အလက်တွေနဲ့ မှပဲ ကျော်လို့ ရနိုင်မှာပါ
ဒါကြောင့် ကိုယ့်အကောင့် အခိုးယူခံရမှာတွေ 2 Step ခံထားတာတောင်
ကျော်နိုင်တယ်ဆိုပြီး ကြောက်မနေကြဖို့ လိုပါတယ် လုံခြုံလေ
ခိုးယူဖို့ ခက်ခဲလေပါပဲ တစ်ခါတစ်လေ လက်တည့်စမ်းလို့ တည့်သွားတဲ့အခါ
ကိုယ်က Security ပိုင်းနဲ့ ပါတ်သက်ပြီးအားနည်းတဲ့အခါ ပါသွားတဲ့
Account ဆိုရင်တော့ နှမြောမနေပါနဲ့  အလကားရတဲ့ Account တွေပဲ
တစ်ကောင့်ပါသွား နောက်တစ်ကောင့်ဖွင့်သုံးလိုက်ပေါ့
မှတ်မိကြဦးမယ်ထင်ပါတယ် ကျွန်တော့်ကောင်မလေး အကောင့်ကို
ခိုးယူပြီး အရှက်ခွဲခဲ့တဲ့အကြောင်းလေးကို အဲ့ဒီတုန်းက ကောင်မလေး
Account မှာ infomation တွေက Public ဖြစ်နေခဲ့ရုံသာမက
Security ပိုင်းမှာလည်း ဘာမှကာရံမထား ပဲတော်တော်လေးကို အားနည်း
တဲ့ Account ပါ ဒီတော့ အလွယ်တစ်ကူနဲ့  Recovery လုပ်ပြီး ခိုးယူသွား
နိုင်ခဲ့ပါတယ်။
အမှန်တစ်ကယ်က အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ပြဿနာကယောက်ကျားလေးချင်း
ဖြစ်တဲ့ပြဿနာပါ ကျွန်တော့်အကောင့်ကို Recovery လုပ်ပြီး ခိုးယူဖို့ 
ကြံစည်ပါတယ် မရတော့ Report ထုတယ် နောက်ဆုံး ဘယ်လိုမှ မရတော့
စောက်ကျင့်ယုတ်ပြီး ဘာမှမသိနားမလည်တဲ့ ကောင်မလေးဘက်ကနေ
ကောင်မလေး Account ခိုးယူပြီး ကျွန်တော်တို့ ကို PA တွေလုပ်ပါတယ်
အဲ့ဒီတုန်းက မည်သူမည်ဝါဆိုတာလည်း အတိအကျသိတယ် ဒါပေမယ့်
ကြားထဲကနေ မဆီမဆိုင် အရှက်ခွဲခံရလို့ သူ့ ကိုယ်သူ သတ်သေမယ်ဆိုပြီး
လုပ်နေတဲ့ ကောင်မလေးကို ငဲ့ညှာပြီး တတ်နိုင်သမျှ စိတ်ကိုလျှော့ပြီးငြိမ်ပေး
ခဲ့လိုက်ပါတယ် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ခဲ့ရတဲ့အချိန်ပါ။
အပြင်မှာ သွားပြီး လူမိုက်ဆန်ဆန် ဖြေရှင်းနိုင်ပေမယ့် တန်ရဲ့ လား
ဒီလိုလုပ်ရပ်မျိုးငါဘယ်တော့မှမလုပ်ဘူး စည်းနဲ့ ဘောင်နဲ့ ထဲကပဲဖြေရှင်းမယ်ဆိုပြီး
ဒီနေ့ ဒီအချိန်ထိ ကျွန်တော်အေးအေးဆေးဆေးပဲ နေပြီး အချိန်တစ်ခုကို
စောင့်နေခဲ့တာပါ အမှန်အတိုင်းပြောရရင် ကျွန်တော်အနေနဲ့ အငြိုးအတေးမထားတတ်
တဲ့သူတစ်ယောက်ပါ ဒီနေ့ ဖြစ် မနက်ဖြန်ဆို အဲ့ဒီပြဿနာကို မေ့သွားပြီးပုံမှန်ပဲ
မေ့မေ့ပျောက်ပျောက်ထားလိုက်တာများပါတယ် ဒါပေမယ့် အဲ့ဒီတုန်းက
ဖြစ်စဉ်တွေနဲ့  ကောက်ကျစ်စဉ်းလဲပြီး မိန်းမလျာလိုစိတ်ဓာတ်မျိုးနဲ့ စောက်ကျင့်
ယုတ်ထားခဲ့တဲ့ တစ်ယောက်ကိုတော့ ဒီနေ့ ဒီအချိန်ထိ မမေ့သေးပါဘူး
စိတ်ထဲလဲစွဲ မျက်စိထဲလဲ စွဲနေတုန်းပါပဲ ရည်မှန်းထားတဲ့ တစ်နေ့ ကျရင်တော့
သူယုတ်မာခဲ့တဲ့ လုပ်ရပ်တွေအတွက် သူပြန်ပြီးပေးဆပ်ရပါလိမ့်မယ်။
နောက်ပြီးတော့ အဲ့ဒီတစ်ယောက်က Facebook, Gmail တွေကို
Recovery နည်းတွေနဲ့ လိုက်ပြီးခိုးယူတယ်လို့ ပြောပါတယ် မသိရင်တော့
ဆရာကြီးအထာနဲ့ ဘယ်သူမှသူ့ လောက်မတတ်မကျွမ်းဆိုပြီးဆရာကြီး
အထာတွေပေါ့ဗျာ အမှန်တစ်ကယ်က ဆရာကျတာမဟုတ်ဘူး Recovery
နည်းတွေနဲ့ လက်တည့်တွေစမ်းပြီး အလွယ်တစ်ကူခိုးလို့ ရတဲ့ Account တွေနဲ့ 
လူအထင်ကြီးခံနေတဲ့သူတွေပါ တွေးကြည့်ရင် စိတ်ပုပ်စိတ်ယုတ်တွေမွေးပြီး
သူတစ်ပါးကို ဒုက္ခပေးဖို့ နဲ့ သူတစ်ပါး စိတ်ဒုက္ခရောက်အောင် အချိန်ပေးပြီး
ယုတ်မာဖို့ ကောက်ကျစ်ဖို့ အချိန်ပြည့်ကြိုးစားနေတဲ့ သူတို့ ဘ၀က
သနားဖို့ တောင်ကောင်းနေခဲ့ပါသေးတယ် တစ်နေ့ လုပ်ခဲ့တဲ့အပြစ်တွေနဲ့ 
ထိုက်တန်တဲ့ပေးဆပ်မှုတွေ ပေးရမှာကိုမြင်ယောင်နေမိပါသေးတယ်။
အဲ့ဒါကတော့ ယုတ်မာကောက်ကျစ်သူတစ်ဦးနဲ့ သူ၏အပေါင်းအပါတစ်ချို့ ပေါ့။
အဲ့ဒီနေရာမှာ တော်တော်လေး လေးစားမိသွားပါတယ်
Recovery လုပ်ပြီး ခိုးယူဖို့ ဆိုတာ အလွယ်တစ်ကူတော့ ခုလုပ်ခုချက်ချင်း
ရတာမဟုတ်ဘူး အချက်အလက်မပြည့်စုံရင် အချိန်အများကြီးပေးပြီးမှ
Recovery လုပ်ပြီးခိုးယူလို့ ရနိုင်တာပါ ဒီနေရာမှာ စဉ်းစားမိတယ်
ဒီကောင်စောက်ကျင့်က လေးစားဖို့ တော်တော်ကောင်းတယ် သူတစ်ပါးကို
ဒုက္ခပေးဖို့  သူတစ်ပါးကို စောက်ကျင့်ယုတ်ပြီး ယုတ်မာဖို့ ဒီနည်းလမ်းတွေကို
အချိန်တော်တော်ပေးပြီးလုပ်တာပဲ တော်တော်လေးကို အားထည့်တာပဲ
လေးစားလောက်ပါပေတယ်လို့ တွေးမိတယ်။
Account Security အကြောင်းပြောရင်းနဲ့  အရင်အကြောင်းတွေပါ
ပြန်ပြောမိနေပီ ခုပြောချင်တာကတော့ အကောင့်အလွယ်တစ်ကူ
အခိုးယူမခံရဖို့  Security ကိုသာ အကောင်းဆုံးလုပ်ပါ 2 Step ကို
အကျော်ခံရမှာလည်းကြောက်မနေပါနဲ့  Facebook , Gmail တို့ ဆိုတာ
အလွယ်တကူ ခိုးယူဖို့ မလွယ်ပါဘူး အလွယ်တကူ ခိုးယူခံခဲ့ရတယ်
ဆိုတာ ကိုယ့်ရဲ့ ပေါ့လျော့မှုတွေကြောင့်သာ အခိုးယူခံရတာပါ
လုံခြုံအောင်သာလုပ်ထားပါ အလွယ်တစ်ကယ် အခိုးယူမခံရနိုင်ပါဘူး
Account တိုင်းသာ အလွယ်တစ်ကူ ခိုးယူလို့ ရနေမယ်ဆိုရင်
Facebook , Gmail တို့ ဆိုတာ ဘယ်သူမှတောင်အသုံးပြုနေမှာ
မဟုတ်တော့ပါဘူး။
Credit ➳ ➳ Aung Kyaw Soe
www.facebook.com/CityHunter.mm
- Backlinks - ™
URL : |
Code For Forum : |
HTML Code : |
Anda sedang membaca artikel tentang ✔Email Account တစ်ခုကို 2 Step အကျော်ခံရမှာ Recovery လုပ်ပြီးအခိုးခံရမှာကိုကြောက်နေသူများအတွက် သတင်းကောင်း✔ dan anda bisa menemukan artikel ✔Email Account တစ်ခုကို 2 Step အကျော်ခံရမှာ Recovery လုပ်ပြီးအခိုးခံရမှာကိုကြောက်နေသူများအတွက် သတင်းကောင်း✔ ini dengan url https://itloverit.blogspot.com/2015/05/email-account-2-step-recovery.html. Anda boleh menyebarluaskan atau mengcopy artikel ✔Email Account တစ်ခုကို 2 Step အကျော်ခံရမှာ Recovery လုပ်ပြီးအခိုးခံရမှာကိုကြောက်နေသူများအတွက် သတင်းကောင်း✔ ini jika memang bermanfaat bagi anda atau teman-teman anda,namun jangan lupa untuk mencantumkan link sumbernya.
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.